Friday, March 01, 2013

from Internet - complications for democracy in Burma -

နောင်ဂျိန်ပတ်ပျိုး
၁။ မြန်မာနိုင်ငံအတွင်းတွင်ဒီမိုကရေစီရောင်နီပေါ်ခြင်းဆိုသည်မှာကင်းဝေးနေ
သည့်အပြင်ငါမိုကရေစီဝါဒသာထွန်းလင်းတောက်ပ၍နေပါသည်။
၂။ ဗိုလ်သိန်းစိန်အစိုးရ၊ဗိုလ်ရွှေမန်းလွှတ်တော်၊ဗိုလ်ဌေးဦး-ဗိုလ်အောင်သောင်း
၏ကြံ့ ဖွတ်ပါတီတို့ လည်းအချင်းချင်းအဝေမတည့်ကြလျှက်ဗိုလ်လုပွဲများဖြင့်
အကြိတ်အနယ်ယှဉ်ပြိုင်နေပါသည်။
၃။ သွားလေသူဖြစ်သောအာဏာရှင်တို့ ၏ခေါင်းကိုင်ဖခင်ကြီးဗိုလ်နေ၀င်းသည်
တပ်နှင့်ထောက်လှမ်းရေးကိုသာစည်းခြား၊သွေးခွဲခဲ့ပါသည်။
၎။ မသွား၊တသွားဖြစ်နေသူဗိုလ်သန်းရွှေသည်လည်းလက်ကိုင်ဒုတ်ပါတီ-အစိုးရ-
တပ်-ထောက်လှမ်းရေး-ငယ်ကျွန်အလိုတော်ရိများကိုဘက်ပေါင်းစုံ၊နည်းပေါင်းစုံ
နှင့်သွေးခွဲထားခဲ့မှုများကြောင့်အမယ်ဘုတ်၏သူ့ ချည်ခင်ဆိုသောအဖြစ်မျိုးထက်
ရှုပ်ထွေးနေပါသည်။
၅။ မကြာသေးခင်ကလည်းပြည်ထောင်စုဝန်ကြီးဦးစိုးသိမ်း(ရေတပ်ဦးစီးချုပ်ဟောင်း)
မှလူကြီးသားသမီးများနှင့်စစ်ခေါင်းဆောင်သားသမီးများမဟုတ်မမှန်လုပ်ကိုင်ခြင်းများ
ကိုတိုင်ကြားကြဖို့ မီဒီယာများမှနေလူထုကိုထုတ်ပြောခဲ့ပါသည်။
၆။ မည်သည့်အရာကိုဦးတည်သည်လည်း၊မည်သူ့ အပေါ်မှာဦးတည်သည်လည်းဆိုရာ
တွင်ဗိုလ်သိန်းစိန်အစိုးရအုပ်စုကိုဆန့် ကျင်နေသောဗိုလ်ရွှေမန်းအားထိုးနှက်ရည်ရွယ်
ခြင်းဖြစ်ကြောင်းတစေ့တစောင်းအကဲဖြတ်လို့ ရနိုင်ပါသည်။
၇။ ဒေါ်လာသန်းပေါင်းများစွာလာဘ်စားခဲ့သည့် ဆက်သွယ်ရေးဝန်ကြီးဗိုလ်သိန်းဝင်း
တို့ အုပ်စုကိုအရေးမယူနိုင်မှုသည်တနွယ်ငင်-တစဉ်ပါမည်သကဲ့သို့ စစ်ခေါင်းဆောင်
အုပ်စုတစုလုံးနှင့်သက်ဆိုင်နေ၍ဖြစ်ပါသည်။

၈။ ဗိုလ်သိန်းဝင်းကိုလာဘ်ပေးလာဘ်ယူကိစ္စဖြင့်အရေးယူလျှင်ကချင်ပြည်နယ်ဝန်ကြီး
ချုပ်ဗိုလ်သိန်းဇော်အပါအ၀င်ဗိုလ်ရွှေမန်းသားဖြစ်သူတိုးနိုင်မန်း၏ (Red Link) ကုမ္ပဏီ
တို့ လည်းတကျိပ်တည်းတဥာဏ်တည်းရှိနေကြ၍ဘမျိုးဘိုးတူ-နိုင်ငံတော်သူခိုးဂိုဏ်းဝင်
များဖြစ်ကြောင်းကိုအထုပ်ဖြေပြသကဲ့သို့ ဖြစ်မည်ကိုမလိုလား၍အမှုပိတ်ခဲ့ရပါသည်။န၀တ
ခေတ်တွင်လည်းဗိုလ်ထွန်းကြည်၊ဗိုလ်ကျော်ဘ၊ဗိုလ်မြင့်အောင်တို့ လာဘ်စားမှုကြောင့်
အရေးယူကြောင်းထလရမှသတင်းလွှင့်ခဲ့သောငြားလည်းလူသိရှင်ကြားမဖော်ထုတ်ပြရဲ
သောအဖြစ်မျိုးများရှိထားဖူးပါသည်။
၉။ ဗိုလ်သန်းရွှေ၏ခြံပေါက်တသိုက်များဖြစ်သောအစိုးရ-လွှတ်တော်-ပါတီ-တပ်တို့ အတွင်း
မှာဗိုလ်သိန်းစိန်တို့ အုပ်စုတာထွက်ကောင်း၍ခြေလှမ်းသွက်နေသည့်အပေါ်ရာဇ၀င်ကျော်
စစ်ခေါင်းဆောင်ဆိုးကြီးများစိုးရိမ်ကြောင့်ကြလျှက်အချင်းချင်းအမြှီးတက်နင်းနေကြပါသည်။
ထို့ ကြောင့်ကာချုပ်ဗိုလ်မင်းအောင်လှိုင်မှဒေါ်စုတွေ့ မည်ဆိုသောသတင်းများပေါ်ထွက်ခဲ့ပေ
မယ့်လည်းဆရာ့ဆရာဗိုလ်ချုပ်များအမိန့် ကြောင့်အစီအစဉ်ပျက်သွားကြောင်းသတင်းပေါ်
ထွက်ခဲ့ပြန်ပါသည်။ဗိုလ်မင်းအောင်လှိုင်အဖြစ်သည်ဟိုယိမ်းရမလို-ဒီယိမ်းရမလိုအဖြစ်မျိုး
ရောက်နေသူဖြစ်သလို၊သြဇာအာဏာမရှိသောကာချုပ်ဖြစ်၍နောက်ဆုံးမှာတော့နီးရာဓါး
သာကြောက်ရသူုဖြစ်ပါသည်။
၁၀။ ယနေ့ အသွင်ကူးပြောင်းနေသည်ဆိုသောအခြေအနေဆိုသည်မှာလည်းပြည်ပနိုင်ငံ
များ၏အလှူငွေနှင့်ရင်းနှီးမြုပ်နှံ့ မှုများအားစစ်ခေါင်းဆောင်များမှအနံခံရင်းငွေထုပ်လုပွဲဖြစ်နေ
ပါသည်။ ၂၀၁၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့ လွှတ်တော်ဆဌမအကြိမ်မြောက်အစည်း
အဝေးမှာဗိုလ်သိန်းစိန်အစိုးရအဖွဲ့ နှင့်ဗိုလ်ရွှေမန်းတို့ နိုင်ငံခြားရင်းနှီးမြုတ်နှံ့ မှုနှင့်ပက်သက်၍
လက်ဝါးကြီးအုပ်ရန်ဥပဒေများဖြင့်အပြန်အလှန်ထိမ်းချုပ်ကြဖို့ ကြိုးပမ်းမှုများကဖော်ပြနေပါ သည်။
၁၁။ ထိုအရေးအခင်းတွင်အနေအထိုင်မတက်သောသင်္ကန်းကျွန်းအမတ်ဦးသိန်းညွန့် (အမျိုး
သားဒီမိုကရေစီသစ်ပါတီ)သည်ဗိုလ်ရွှေမန်း၏မာန်မဲခြင်းကိုသာဆုလာဘ်အဖြစ်ရရှိခဲ့ပါသည်။
၂၀၀၈ခုနှစ်နာဂစ်ဖွဲ့ စည်းပုံမှဖြစ်တည်ပေါက်ဖွားလာသောလွှတ်တော်လှုပ်ရှားမှုအပေါ် မထောက်ခံသောငြားလည်းတိုင်းပြည်နှင့်လူထုအကျိုးစီးပွားမထိခိုက်ရအောင်ဂရုတစိုက်စောင့်
ကြည့်လေ့လာမှုပြုနေမှသာအလိမ်ကြီးကြီးမခံရပဲအလိမ်နည်းနည်းခံရလျှင်သက်သာနိုင်ဖွယ်ရှိ
ပါသေးသည်။
၁၂။ ဤသို့ ဤပုံလူထု၏ဘုံရန်သူဖြစ်နေသောစစ်အုပ်စု၏ဟန်ချက်နှင့်ပုံစံပျက်နေချိန်မျိုးတွင်
ကျွန်ုပ်တို့ ၏ဒီမိုကရေစီဟီးရိုးပါတီကြီးဖြစ်သော-ဆင်သွားလျှင်လမ်းဖြစ်သည်ကြွေးကြော်ထား သောပါတီကြီး၏အဖြစ်အပျက်များစွာကိုကြားသိနေရသလို၊အောက်ပါသတင်းကိုပါဖတ်ရှုမိရ
ပြန်၍ငရဲတွင်း-ဆင်းရဲတွင်းထဲမှလူထုအဖြစ်လွတ်လမ်းရှိပါသေးရဲ့ လားဟုစိုးရိမ်မကင်းဖြစ်မိပါ
သည်။
လူထုဒုက္ခအပေါင်းကင်းဝေးကြပါစေ
စစ်အောင်

Thursday, February 28, 2013


__._,_.___





__,_._,___


Specialpost--Ellen Bernstein--expose of World Bank Rohingya project--

https://www.irrawaddy.com/culture/books/hellfire-and-damnation-in-myanmar-ex-world-bank-country-head-recounts-rohingya-catastrophe-response....