Friday, June 21, 2019

Sorry, Burmese font is not Zawgyi--will post Engish version

အမေ့ခံအတိတ်
မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
event_note ခေတ်ကာလများပြပုံ

၁၉၅၄

မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း

Read in English

၁၉၅၄ ခုနစ်က မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း၏ အမှုဆောင်ကောင်စီသည် ထိုခေတ်အခါက စာပေလောက၏ ဦးသျှောင် စာရေးဆရာများဖြင့် ဖွဲ့စည်းထားသည်။ (မတ်တပ်ရပ်နေသူများ၊ ဝဲမှယာသို့) ဦးစံထွား၊ ဦးဘ၊ ဦးခင်ဇော်၊ ဦးမျိုးမင်း၊ ဦးသိန်းဟန်၊ ဦးကောင်း၊ ဦးဝန်၊ ဦးသန့်။ (ထိုင်နေသူများ၊ ဝဲမှယာသို့) ဦးထင်အောင်၊ ပညာရေးဝန်ကြီး ဦးသန်းအောင်၊ အငြိမ်းစား တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ် ဆာမြဘူး၊ ဝန်ကြီးချုပ် ဦးနု၊ ဘဏ္ဍာရေးဝန်ကြီး ဦးတင်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးအီမောင်၊ ဦးချို။ တစ်စိတ်တစ်ဒေသအားဖြင့် တရားဝင် အဖွဲ့အစည်းဖြစ်သော ဤအသင်းကြီး၏ ရည်ရွယ်ချက်မှာ ပြင်ပဗဟုသုတများကို  မြန်မာလူမျိုးများ လက်လှမ်းမီစေရန် ဖြစ်သည်။ ၁၉၅၄ ခုနစ်တွင် ပထမဆုံး မြန်မာ့စွယ်စုံကျမ်းကို ထုတ်ဝေနိုင်ခဲ့သည်။ ထိုစာအုပ်ကို သယ်ဆောင်လာသည့် သင်္ဘောသည် ဘရွတ်ကင်းလမ်း (ယနေ့ ဘိုကလေးဈေးလမ်း) ဆိပ်ကမ်းသို့ ဆိုက်ရောက်သောအခါ ဦးနုနှင့် အစိုးရအဖွဲ့ဝင်များက သွားရောက် ကြိုဆိုခဲ့ကြသည်။ ဦးနုသည် တိုင်းပြည်တွင် အတွေးအခေါ် ညံ့ဖျင်းသော ဦးသုညများ တိုးပွားလာနေသည်၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ဗဟုသုတနှင့် ပညာရပ်များကို ဖြန့်ဝေပေးမှသာ စစ်မှန်သော တိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ခဲ့သည်။


ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်
ခေါင်းစဉ်များ အားလုံးကြည့်ရန်
© LostFootSteps 2019. All rights reserved.

This is very good--Story of a brief marriage--highly recommended--

https://en.wikipedia.org/wiki/The_Story_of_a_Brief_Marriage