Saturday, February 04, 2012

Burmese-born poet Ko Ko Thett translates Symborska

Yahoo! Mail true love: a tribute to Szymborska (1923-1212) Saturday, February 4, 2012 4:03 PM Just noticed Szymborska died on 1 Feb! I was oblivious to her passing when I gave her poem 'true love' in translation to kaungkin the other day, for Valentine's. I am just passing through, it’s a five-minute stop. I won’t catch what is distant: what’s too close, I’ll mix up. While trying to plumb what the void's inner sense is, I'm bound to pass by all these poppies and pansies. What a loss when you think how much effort was spent perfecting this petal, this pistil, this scent for the one-time appearance, which is all they're allowed, so aloofly precise and so fragilely proud. from 'Birthday' translated from Polish by Stanislaw Baranczak and Clare Cavanagh She has passed through. Her one-time appearance is intransient. -- KKt ko ko thett အချစ်စစ် အချစ်စစ်တဲ့၊ ပုံမှန်မှဟုတ်ရဲ့လား အလေးအနက်လား၊ လက်တွေ့ရောကျရဲ့လား နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။ အကြောင်းပြချက် ခြေခြေမြစ်မြစ် မရှိဘဲ မဏ္ဍပ်တိုင်ထူလိုက်ကြ သန်းပေါင်းများစွာထဲက တစ်ယောတ်ကို စုံလုံးကန်း ရွေးလိုက်ပြီးမှ ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ ယုံကြည်လိုက်ကြ ဘာအတွက်လဲ - သဲထဲရေသွန်။ ရုတ်တရက် သက်ဆင်း လာတဲ့ အလင်းတန်း။ ဘာကြောင့် တခြားသူတွေပေါ် မကျဘဲ ဒင်းတို့ နှစ်ယောက်ပေါ်ကျ ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား - ဟုတ်ပါ့။ ဒါဟာ ကျားကုတ်ကျားခဲ ထူထောင်ခဲ့ရတဲ့ စည်းမျည်းတွေကို ချိုးဖောက်တာ၊ အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွှင့်ပစ်တာ - ဒါတွေအားလုံးဟုတ်။ အဲဒီစုံတွဲ သဲနေပုံကိုကြည့်။ သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား သူငယ်ချင်းတွေကို စာနာစိတ်နဲ့ စိတ်ဓာတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။ နားထောင်ကြည့် ဒင်းတို့ရယ်သံကိုက- စော်ကားမော်ကား။ ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ယုံနိုင်စရာမရှိ။ ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ၊ အပရိက ထုံးတမ်းစဉ်လာတွေ၊ အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ - သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ကြောက ကလိန်ခြုံမှု။ လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ တွေးတောင်မတွေးရဲ။ ဘာသာတရားနဲ့ ကဗျာကို ဘယ်ပေါ်သွားထားမလဲ။ ဘာတွေကိုတသ၊ ဘာတွေကိုစွန့်ပစ်ရမှာလဲ၊ ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။ အချစ်စစ်တဲ့၊ တကယ် လိုအပ်လို့လား။ အရှက်ကွဲမှုတစ်ခု ဘဝရဲ့အမြင့်ဆုံး အသိုင်းအဝိုင်းတွေထဲ လူသူမသိ ကျော်ဖြတ်သွားပုံမျိုး လိမ္မာရေးခြားရှိမှုနဲ့၊ လူပိန်းတွေးတွေးမှုက အချစ်စစ်ကို ဖြတ်ကျော်ဖို့ ငါတို့ကို ပြောတယ်။ ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့ အချစ်စစ်မလို။ အချစ်စစ် ဆိုတာ ဒုလ္လဘမို့ သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေ တိုးတက်မှာမဟုတ်။ အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ အချစ်စစ်ဆိုတာ လောကမှာမရှိဘူးလို့ ပြောကြပါစေ။ အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။ ဗစ်စ်ဝါဘာ ရှင်ဘော်စကာ နိုဘယ်လ်ဆုရ ပိုလန်ကဗျာဆရာမ Wislawa Szymborska (1923-1212) ၏ true love။ Stanislaw Baranczak နှင့် Clare Cavanagh က အင်္ဂလိပ်လိုပြန်ထားသောမူကို ကိုကိုသက် မြန်မာမှုပြုသည်။
Outsider artist in Texas with bottle cap art - photo Copyright Kyi May Kaung - with permission of the artist, 2011.

Very nice--a writer meets an actress in a cafe and they fall in love--

https://www.aol.com/news/valerie-bertinelli-boyfriend-reveals-identity-031332062.html