Tuesday, February 23, 2016

Rangoon View by San San Tin

ရန်ကုန်ရှုခင်း

ကံမကုန်တော့ ရန်ကုန်နဲ့ပြန်ဆုံ ရန်ကုန်မှာလေ …ဆန်ကုန်မြေလေးတွေ အကြံကုန်လေပေးနေသူတွေ ခြံခုန်လို့နေသားကျနေသူတွေ… ရန်ကုန်မှာ.. ချမ်းသာသူတွေထုနဲ့ဒေး ဆင်းရဲသူတွေကပိုလို့တောင် ထုနဲ့ဒေး ရန်ကုန်ဟာ…တိုက်ကျဉ်းလေးတွေက ထပ်…ကျပ်…ညပ် ရန်ကုန်မြစ်ကလာတဲ့လေ ၀င်ပေါက်စဉ်းစားမရ အပ်ပေါက်တောင် မတွေ့တဲ့ပုံ ရန်ကုန်မှာ... ခြံကျယ်ဝင်းကျယ် ထည်ဝါအဆောက်အအုံတွေ.. ဟိုတစဒီတစပြန့် တဲပုတ်တဲကုတ်တဲစုတ်တွေက…နေရာအနှံ့ ရန်ကုန်မှာ…တောင်လို အမိုက်ပုံတွေ ဟိုမှာ ဒီမှာ အမိုက်တွေတော့သိမ်းပါရဲ့ စုပုံထားတာလည်းတွေ့ပါရဲ့ ဘယ်နေရာပစ်သလဲမေးတော့… အဖြေမရ တော်သေးရဲ့ နေရာတကာတွေ့တဲ့ ကွမ်းတံထွေးနဲ့ ထွီကနဲ မထွေးလို့
ရန်ကုန်ဟာ… နေရာတကာမှာ လက်လုပ်လက်စားတွေရဲ့ ဆိုင်တန်း… အလုပ်မရှိတိုင်း အပြိုင်အဆိုင် ဆိုင်ခင်း အခင်းအကျင်း…တခမ်းတနားနဲ့ ကြေးကြီး စားသောက်ဆိုင်တွေ အစီအရီနား ဒီ သာမန်လူသားတွေ မသီနိုင် ဗန်ကောက်လိုများ… ဖြစ်နေသလား ရန်ကုန်မှာ ပေါလှတဲ့အလုပ်လက်မဲ့တွေ လမ်းပြရဲလုပ်မယ့်အလုပ်ခန့်လိုက်ချင်ရဲ့ လမ်းကကျဉ်းတဲ့ထဲ…ကားကများ..ဟွန်းကတီး..ကားကြီးတွေ အနိုင်ကျင့်.. ကားငယ်တွေခေါင်းထိုးဝင် လမ်းပြမ၀င်ရင် ကားလမ်းမရှင်းတဲ့ အဆိုးဆုံးမြို့ ဒီမြို့များ… လွမ်းတသသနဲ့ ပြန်ရောက်ပြန်တော့…ပူပုံများပြောမကုန်စတမ်း လူကမအားတမ်း…ယပ်တခပ်ခပ်… အတွေးမရပ်တာက ဒီမြို့ကြီး ရာသီပူ.. ၀မ်းစာပူ… သောကတွေပူ… ဒေါသတွေဆူပွက် …အပူတွေကများလှပါလား

Investigative writer Brian Krebs found millons of driver IDs from US and Canada on sale on the Dark Web--

https://www.aol.com/articles/fbi-says-investigating-report-millions-211133000.html