Kyi May Kaung shared Win Kyaing's post.
.........................
တန်ဘိုးကြီးသောပါဠိပိဋကတ်တော် ရွှေပေချပ်များကို မင်းစိုးရာဇာတို့၏ ကြီးကြပ်မှူဖြင့်ဖန်တီးပြု လုပ်၍ ဓမ္မရတနာအဖြစ်ဋ္ဌာပနာတိုက်၏ အလယ် တွင် ထည့်သွင်းခဲ့သည်။ အမှားအယွင်းရှိပါက အစားထိုးပြုပြင်ရန်မလွယ် ကူပေ။ ဋ္ဌာပနာ အလယ်တည့်တည့်တွင် နေရာယူထည့်သွင်းထားသည်မှာ အရောင်တင်ထားသည့် ငွေဗောဓိပလ္လင်ကြုပ်ကြီးဖြစ်သည်။ ငွေကြုပ်အဖုံး နှုတ်ခမ်းတလျောက်တွင် ပျူဘာသာ တစိတ်တပိုင်းနှင့် ပါဠိဘာသာ အများစု ပါသော စာကြောင်းတစ်ကြောင်းပါသည်။ ငွေကြုပ်၏ကိုယ်ထည်ပိုင်းတွင် ဗုဒ္ဒဘုရားရှင်(၄)ဆူကို ဖောင်းကြွပုံထုလုပ်ပူဇော်ထားပြီး တစ်ဆူစီကွင် ပါဠိတော်ကောက်နှုတ်ချက်စကားစုများပါရှိသည်။ ခြွင်းချက်အနေဖြင့်
ဂေါတမဗုဒ္ဒဘွဲ့တော်နောက်ကပ်လျက်တွင် ရွှေပေချပ်များ၌ကျန်ရှိခဲ့သော
ဗုဒ္ဒဥာဏ်တော်(၁၄)ပါးအနက်မှ (၂)ပါးကို ဆက်လက်ရေးထိုး ထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ရှေးကျသောပါဠိတော်မူများအနက် ဤပါဠိတော် ကောက်နုတ်ချက် (၂)ခုမှာ လွန်စွာရှားပါးပြီး တစ်ခုမှ ချို့ယွင်းလိုအပ်ချက်ကို အခြားတစ်ခု တွင်ဖြည့်စွက် ၍ ပြည့်စုံအောင် ရေး သားထားခြင်းဖြစ်သည်။ ဌာပနာတိုက်၏ ကြွယ်ဝများပြားသော လှူဒါန်းမှုပစ္စည်းများစွာတွင် အတူတကွတွေ့ရခြင်းလည်းဖြစ်သည်။ ငွေကြုပ် အဖုံး တွင် ရေးသားထားသည့် အရေးအသားများ အရ စာရေးသားသူ ဆရာတော်သည် ပျူဘာသာနှင့် ပါဠိဘာသာနှစ်မျိုးစလုံးကို ရင်းနှီးကျွမ်း ၀င်ကြောင်းဖော်ပြလျက်ရှိသည်။
ရွှေပေချပ်တို့၏ အရွယ်အစားမှာ (၁၆.၅ x၃.၁) စင်တီမီတာ ရှိသည်။ ရွှေပေချပ်(၁၈)ချပ်တွင် စာကြောင်းရေ (၃) ကြောင်း၊ (၁)ချပ်တွင် (၄)ကြောင်းနှင့် အခြား (၁) ချပ်တွင် (၂) ကြောင်းနှင့် စုစုပေါင်း စာကြောင်းရေ (၆၀) ကြောင်းရှိသည်။
ကောက်နှုတ်ချက်အများစုသည် ၀ိနယပိဋက ပါဠိတော်မှဖြစ်သည်။ ၀ိသုဒ္ဒိမဂ္ဂနှင့် အဘိဓမ္မတ္ထသင်္ဃဟ ကျမ်းများ မပေါ်ပေါက်မှီအချိန် အေဒီ(၂) ရာစုခန့်ကမူရင်းပါဠိတော်မှမူပွားများဖြစ်ပြီး ရှေးကျသည့်မူများဖြစ်သည်။
ဤပျူ ရွှေပေချပ်များကို ဦးလူဖေ၀င်း(၁၉၄၀)၊ ဦးသာမြတ်(၁၉၆၃)၊ ဒေါ်သန်းဆွေ(၁၉၉၂) တို့မှလေ့လာဖတ်ရှူ ပုံနှိပ်ဖော်ပြခဲ့ကြ သည်။ အလားတူ နိုင်ငံတကာ ပါဠိပညာရှင်များမှလည်း လေ့လာမှုများရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ် တွင် Oskar von Hinuber(Univ. of Freiburg), Harry Falk(Univ. of Berlin), Richard Gombrich (Univ. of Oxford) နှင့် Janice Stargardt (Univ. of Cambridge) စသည့် ပညာရှင်များပါဝင်သည့် နှီးနှောဖလှယ်ပွဲမှ ဤပါဠိတော်ရွှေပေချပ်များ သည် အေဒီ (၅)ရာစု အစောပိုင်း သို့မဟုတ် အလယ်ပိုင်းလက်ရာ များအဖြစ် သဘောတူညီခဲ့ကြသည်။ ထို့ပြင် ယခင်ကရှေးအကျဆုံး အထောက် အထားအဖြစ်ယူဆခဲ့သော နိပေါနိုင်ငံ ခတ္တမန္ဒူ အမျိုးသားပြတိုက်မှ အေဒီ (၈)ရာစု (၉)ရာစု လက်ရာ ပေချပ်များ ထက် သက်တမ်း စောနေသည်ဖြစ်၍ သရေခေတ္တရာ ခင်ဘကုန်း ရွှေပေချပ် များသည် ကမ္ဘာပေါ်တွင် ကျန်ရှိနေသော ပါဠိတော် မူများအနက် ရှေး အကျဆုံးသော အထောက်အထားများဟုသတ်မှတ်ခဲ့ကြပေသည်။
...........
ဆက်ရန်