Monday, March 30, 2015

Special post--poem Lay Pan by ko ko thett

Special post--just got permission for this, so posting straight away--

Lay Pan by ko ko thet--

posting with permission.  He says--

'feel free to share ''air flower'' of course,  လေပန်း also means ''verbal diarrhea "'

In my opinion, ko ko thett is best poet writing in both Burmese and English and best literary translator for miles around.

See if you agree--


    လေပန်း

    သင်းကြိုင် ဝတ်မှုံ မာလာထုံ နတ်ပြည်မွှေး
    ဇီဇဝါ ရဲ့ မပီကလာ ဇယားအကျဉ်းလေး
    ကန့်ကော်ရဲ့ စိန်ပန်း ဖလန်းဖလန်းထနေသူ
    ငု ရဲ့ပိတောက်၊ ဆံထောက်နဲ့ စပယ်ဖြူ
    ပုန်းညက်ရဲ့ မမုန်းရက်တဲ့ ဆူးမဲ့ နှင်းဆီ
     သော်ကကို အပေါ်က ခွ ထားတဲ့ အပူဇော်ခံ စွယ်တော်
    ရင်ခတ်ရဲ့ ရင်ဘတ်ပေါ်က လှိုင်းလုံး ဆေးမှင်ကြောင်ကြီးတွေ
    သဇင်နဲ့ ခွါညို ကို ပြာသိုလို ထားပစ်ခဲ့သူ
    မြတ်လေးထက် လေးမြတ်၊ မုလေးထက် လေးပင်
    မချစ်ပြင်ပြင် မကြင်နာလေသူမို့
    ဂမုန်း ကို မုန်း  ယင်းမာကို မာ အချစ်သစ်ရှာသူ
    အင်ကြင်းက ပြန်လွမ်းရတဲ့ သရဖီ
    ထာဝရ အနွမ်းမဲ့၊ အခန်းမဲ့ ခရေ
    ကဗွီးသားနဲ့ ထုထားတဲ့ ရွှေကနုတ်ပန်း
    ဘယ်နေရာရောက်ရောက် ပစ်တိုင်းထောင် ချယ်ရီ
    လေထဲက ရေကို ယူယူသောက်တတ်တဲ့ ကန္တာရ ဇောင်းကြမ်း
    မိုးသောက်ချိန်မှာတော့ ပဒုမ္မာကြာလို အမြဲ ရွှဲရွှဲစို
    အချိန်မရွေး၊ ရာသီမရွေး၊ နေရာမရွေး
    ပွင့်ချင်ရက် လက်တို့

    --
    KKt
    ko ko thett







3 books to read in July--check online--for summaries and how to buy

1. Sister Helen Prejean: Dead Man walking--also a movie with Sean Penn and Susan Sarandon-- 2. Walter Isaacson--Leonardo da Vinci 3. Kai ...