Tuesday, August 10, 2021

U S to give USD 50 m for over 700,000 Burmese IDPs (Internally Displaced Persons)

RFA Burmese News

မြန်မာပြည်သူ ခုနစ်သိန်းကျော်အတွက် အမေရိကန်က ဒေါ်လာသန်း ၅ဝ ကူညီ

2021-08-10

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield

https://www.rfa.org/++plone++rfa-resources/img/icon-zoom.pngFile Photo: AFP

မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာသန်း ၅၀ ကျော် ပေးအပ်မယ်လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ် ၁၀ ရက် ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီအကူအညီတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ အပါအဝင် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတွင်းက ထွက်ပြေးရသူတွေ (ဒါမှမဟုတ်) နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ အပါအဝင် မြန်မာပြည်သူ သိန်းကျော် အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ အသက်ရှင်ရပ်တည်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေးကိစ္စတွေအတွက် နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အမေရိကန်ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကူညီနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီး သောမတ်စ်-ဂရင်းဖီးလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


 

 

Novels about Zhuge Liang--

AI Overview The Battle of Red Cliffs features two primary master strategists who joined forces to defeat the northern warlord Cao Cao...