Thursday, November 06, 2014

Poem in Burmese by Thitsar, Please do not cry Ma Thandar (widow of slain journalist Ko Par Kyi, died of torture in junta custody)

မငိုပါနဲ့ မသန္တာ။
။။။။။။။။။။။။။။။။။။။
မငိုပါနဲ့ မသန္တာ
ခင်ဗျားယောက်ကျား သက်မဲ့ခန္ဓာမှာ
အဝတ်စားပြည့်ပြည့်စုံစုံ
ဒင်းတို့ ---- ဝတ်မပေးခဲ့ပေမယ့်
သူ့မှာ ဂုဏ်သိက္ခာ အပြည့်စုံနဲ့ ။

မငိုပါနဲ့ မသန္တာ
ခင်ဗျားယောက်ကျား သက်မဲ့ခန္ဓာမှာ
အရိုးအရည် ကျိုးကြေနေပေမယ့်
သူ့ဦးမကျိုးခဲ့လို့ ဒင်းတို့ဒီလိုစီရင်ခဲ့တာပေါ့။
မငိုပါနဲ့ မသန္တာ
ခင်ဗျားယောက်ကျား သက်မဲ့ခန္ဓာဟာ
စကားတစ်ခွန်း မပြောနိုင်တော့ပေမယ့်
စစ်အာဏာရှင်တို့ရဲ့ -----------
ရက်စက်ယုတ်မာမှု
လိမ်လည်ကောက်ကျစ်မှုတွေကို
တစ်ကမ္ဘာလုံးကို ထင်ထင်ရှားရှားပြခဲ့တယ်။
မငိုပါနဲ့ မသန္တာ
ကိုပါကြီး မသေပါဘူး။
သေသွားတာက-----
မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာ။
သစ္စာ
Kyi May Kaung

Anti-ICE protests in NJ outside detention center--from The Guardian.

https://www.theguardian.com/us-news/2026/may/28/new-jersey-ice-protesters?utm_source=firefox-newtab-en-us