Thursday, November 06, 2014

Dr Tint Swe on his ancestor Kinwunmingyi U Kaung (not related to me, just namesake)--

Kinwunmingyi ကင်းဝန်မင်းကြီး

Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ၊ တိုင်းပြည်ကိုတိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာစာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

ကျွန်တော်။ အမေ့ရွာမင်းတိုင်ပင် ဆိုတာကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်းမထွန်းကားပါ။) အရင်က “မုံတိုင်ပင်” လို့ ရာဇဝင်-သမိုင်းစာအုပ်ဟောင်းတွေမှာရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကိုနဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်းကဗျာလေး-စာလေးရေးတုံးက ကင်းဝန်နွယ် ဘာ-ညာဆိုပြီးကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်ကပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင်မှာအဲဒီနာမည်နဲ့ တခါတလေပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေကအသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကိုသီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုးထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ “ဦးကောင်းလိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကိုသူ့အမျိုးတွေကအမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းကလေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးကဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်ကဆေးကျောင်းသားပဲရှိသေးတာ။

Rural Doctor တောသားဆရာဝန်http://my-sayawun-life.blogspot.in/2010/10/jungle-doctor.html

Anti-ICE protests in NJ outside detention center--from The Guardian.

https://www.theguardian.com/us-news/2026/may/28/new-jersey-ice-protesters?utm_source=firefox-newtab-en-us